Saturday, August 22, 2020

မိုဘိုင်းဖုန်းဖြင့် လှပသော ဓာတ်ပုံများ ရိုက်ကူးခြင်း၏ လျှို့ဝှက်ချက်(၂၂)ခု

                   

မိုဘိုင်းဖုန်းဖြင့် လှပသေသပ်သော ဓာတ်ပုံများ ရိုက်ကူးနည်း


ပထမဆုံး ဗဟုသုတအနေနဲ့ ဒီဂျစ်တယ်ကင်မရာများ မပေါ်ပေါက်မီအသုံးပြုခဲ့တဲ့ SLR ကင်မရာများအကြောင်းနဲ့ ဓာတ်ပုံလုပ်ငန်းအကြောင်းကို မိတ်ဆက်ပေးပါ့မယ်။

Canon AE-1 program 35mm film SLR Manual Focus Camera w/ FD 50mm lens Pentax K1000 35mm SLR Student Camera with 50mm Lens - Used ... Amazon.com : Olympus OM-1 35mm Film Camera : Slr Film Cameras ...

ရှေးယခင်က ဓာတ်ပုံတစ်ပုံရဖို့အတွက် အတော်လေး ခက်ခဲနက်နဲတယ်ဆိုတာ၂၀၀၀ ပြည့်နှစ် မတိုင်ခင်လောက်က မွေးခဲ့သူတိုင်း သိပါလိမ့်မယ်နော်။

ယခင်ကဆို ဓာတ်ပုံတစ်ပုံ ရဖို့အတွက် ဖလင်လိပ်ဝယ်ရတယ်။ ဖလင်လိပ်တစ်လိပ်ကို၃၆ ကွက် ပါ ပါတယ်၊ ဒါပေမဲ့ တကယ်တော့ သူ့မှာ ၃၈ ပုံစာ ပါပါတယ်။

သို့သော်ဖလင်လိပ်ကို ကင်မရာထဲထည့်ဖို့ အစလေး ဆွဲထုတ်လိုက်တာနဲ့ နှစ်ပုံစာက ပြင်ပအလင်းရောင်ထိတွေ့ပြီး အလဟသ ဖြစ်သွားပါတယ်။

အချို့ ချွေချွေတာတာ ဓာတ်ပုံဆရာကြီးများကတော့ အမှောင်ခန်း (သို့မဟုတ်)စောင်ထဲမှာ ကင်မရာကို အုပ်ပြီးဖလင်ထည့်ပါတယ်။ ပိုထွက်လာတဲ့ ဖလင် ၂ ကွက်စာကို သူ့မိသားစုပုံလေးတွေ ရိုက်ယူထားလိုက်ပါတယ်။


Camera Film Cartridge High Resolution Stock Photography and Images ...

Articles from PetaPixel: Digital Photography Review


film cassette and compact old analog camera on a white background ...

ဖလင်ထည့်ပြီးပြန်တော့ ယခုလို တန်းချိန်ပြီး တန်းရိုက်ပစ်လို့ မရပြန်ဘူး။


35mm SLR Camera Operating Guide - Help Wiki


ပတ်ဝန်းကျင်ရဲ့ အလင်းရောင်ကို တစ်ချက်ရှိုးရတယ်၊ ပြီးတာနဲ့ အလင်းရောင်အနေအထားပေါ်မူတည်ပြီး ရှေ့က မှန်ဘီလူးရဲ့ ကွင်းတွေမှာ နေပူနေရင် 11မိုးအုံ့နေရင် 8, အခန်းတွင်းဆို 5.6, ညဆို 3.4 စသည်ဖြင့် အလင်းအမှောင်Aperture(အပါချာ လို့ခေါ်ပါတယ်) ချိန်ရတယ်။ ကျွန်တော်တို့ ဓာတ်ပုံရိုက်သင်ခဲ့စဉ်က ခင်တဲ့ဓာတ်ပုံဆရာအစ်ကိုကြီးတစ်ယောက် သင်ပေးခဲ့ဖူးတာ ရှိတယ် (နေပူ ဆယ့်တစ်၊ မိုးအုံ့ ရှစ်၊ ဘာညာဘာညာ ဖိုက်ပွိုင့်ဆစ် တဲ့) (ဘာညာဘာညာဆိုတာက အခန်းတွင်းကို ပြောတာ.. ဘာလို့ဘာညာဘာညာ ဖြစ်လဲတော့ မပြောတတ်)

ပြီးရင် အငြိမ်ရိုက်မှာလား၊ ပြေးနေတာကို ရိုက်မှာလား၊ ဝါးသွားအောင် ရိုက်မှာလား စသည်ဖြင့် Shutter Speed ကို ချိန်ရတယ်။

အဲဒါတွေချိန်ပြီးရင် ရိုက်လို့ရပြီလား ဆိုတော့ မရသေးဘူး။ ကိုယ်ရဲ့ပုံ ပြတ်သားကြည်လင်အောင် Focusing Ring ကို ဖြည်းဖြည်းချင်း လှည့်ပြီး ချိန်သားညှိရတယ်။


SLR Film Camera Shooting Viewfinder by mrSunshiner | VideoHive


ကြည်လင်ပြီဆိုမှ


"ချလပ်"!!!


ဓာတ်ပုံ ဖြစ်မလာသေးဘူး၊ ပြန်လည်း ကြည့်လို့မရဘူး၊ အမှောင်ခန်းထဲကို ဝင်၊ရိုက်ထားတဲ့ ဖလင်ကို Silver Nitrate ဓာတ်ဆေးရည်နဲ့ ဆေး၊ အဲဒီမှာ အလင်းအမှောင်ပြောင်းပြန်ပေါ်တဲ့ နဂ္ဂတစ် ဖလင် ရမယ်။


Develop Film at Home! A Step-by-Step Guide | B&H Explora

Film Develop & Scan — Alkit Pro Lab


အဲဒီ နဂ္ဂတစ်ကိုမှ Enlarger နဲ့ ထိုးချဲ့ပြီးဓာတ်ပုံစက္ကူပေါ်မှာ ကူးယူရတယ်။

Choosing an Enlarger for Film Photography - Gavin Lyons Photography
ဓာတ်ပုံကူးစက္ကူ


Essential Guide to Darkroom Printing - Amateur Photographer

ဓာတ်ပုံကူးသည့် Enlarger


သိပ်ကို ပညာသား ပါလွန်းတယ်။

ရိုက်တဲ့သူက အချိုးမကျရင်ဖြစ်ဖြစ်၊ ကူးတဲ့သူကအချိုးမကျရင် ဖြစ်ဖြစ် ပုံကောင်းတစ်ပုံ ဖြစ်မလာနိုင်ပါဘူး။

ယနေ့ခေတ်မှာတော့ လွယ်သွားပါပြီ။ ဓာတ်ပုံတစ်ပုံ ရဖို့ သိပ်ကို လွယ်ကူသွားပါပြီ။

ဘာတွေမှ ချိန်စရာကို မလိုတော့ပါဘူး။ 

လက်ညှိုးလေးတွေ နှစ်ချောင်းထောင်၊ ဟိုဘက်က ညီမလေး ပုခုံးကိုဖက်၊ ဒီဘက်က အစ်ကိုကြီးက နည်းနည်းတောင့်နေတယ် ..... လျှော့ ရပြီ... ချလပ် !!!


ကြိုက်လားမကြိုက်လား ပြန်ကြည့်၊ မကြိုက်ရင် Delete လုပ်ပစ်၊


ပြန်ရိုက်။ပြီးရင် ကွန်ပျူတာမှာ ထိုးပြီး ပရင်တာနဲ့ ထုတ်လိုက်၊ သိပ်ကောင်းတဲ့ပုံတွေ ရနိုင်နေပါပြီ။

Brother 3 in 1 Color Inkjet Printer - View Soft Nepal - Online ...


မြန်မှ မြန်ပေါ့။ အနီးအနားမှာ ကွန်ပျူတာနဲ့ ပရင့်တာသာ ရှိရင် ၁၀ မိနစ်အတွင်းမှာ ပုံပေါင်းများစွာ ရနိုင်ပါပြီ။ ဒီဂျစ်တယ်ခေတ်ရဲ့ ကောင်းကျိုးတွေပေါ့ဗျာ။


ဒီဂျစ်တယ်ကင်မရာတွေ ပေါ်ကာစ သိပ် စျေးကြီးတယ်။ တစ်လုံးကို ဒေါ်လာ ထောင်ဂဏန်းရှိတယ်။

Nikon D7100 DSLR Camera

 ဒါပေမဲ့ မျက်မှောက်ခေတ်မှာ ဒေါ်လာထောင်ဂဏန်းလောက် မလိုတော့ဘူး။

Best Cell Phone Cameras - A Comparison - On Check by PriceCheck


မြန်မာငွေ သိန်းဂဏန်းလောက်နဲ့ ကင်မရာကောင်းကောင်းပါတဲ့ မိုဘိုင်းဖုန်းတွေအများကြီး ပေါ်လာပါပြီ။မိုဘိုင်းဖုန်းနဲ့ ရိုက်တာချင်းအတူတူ သူ့ ဟွာဝေးဖုန်းနဲ့ ရိုက်တာက ပုံတွေက ကောင်းလွန်းတယ်။ငါ့ ဆမ်ဆောင်း၊ ဗီဗို နဲ့ ရိုက်တဲ့ ပုံက ဘာလို့ညံ့နေတာလဲ။ ဘာလို့ကြည့်မကောင်းတာလဲ။

ဟုတ်ကဲ့.... တစ်ခွန်းပဲ ဖြေပါ့မယ်။ 

"နည်းစနစ်မကျလို့ပါ"


ဒီပို့စ်မှာတော့ ဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့နေရာမှာ အကောင်းဆုံးသော ပုံတွေကို ရရှိစေဖို့အတွက် ဓာတ်ပုံအယူအဆများနဲ့ လျှို့ဝှက်ချက်တွေပါတဲ့ မှို့အိတ်ကြီး ကူးတို့ဆိပ်မှာဖွင့်ပါရစေ....


မိုဘိုင်းဖုန်းဖြင့် ပုံလှလှများ ရိုက်နိုင်ဖို့ လျှို့ဝှက်ချက်များ


(၁)မှန်ဘီလူးကို သန့်သန့်ရှင်းရှင်းထားပါ

Tips for Getting Crisp Photos with Mobile Devices - FilterGrade


    ရှင်းပါတယ်။ ဓာတ်ပုံကို ဘယ်အပေါက်က ရိုက်သလဲ။ မှန်ဘီလူးပေါက်က ရိုက်ပါတယ်။မှန်ဘီလူးပေါက်မှ မသန့်ရင် ပုံကောင်းရနိုင်စရာ အကြောင်းမရှိပါဘူး။ကျွန်တော်တို့ အများစုသည် ဖုန်းကို အိတ်ကပ်ထဲ၊ ပိုက်ဆံအိတ်ထဲ၊ ဘောင်းဘီအိတ်ထဲ ထည့်တတ်ကြသလို အိမ်မှာဆိုလည်း ကြိုက်တဲ့နေရာမှာ ထားတတ်ကြပါတယ်။ဒါ့ကြောင့် မှန်ဘီလူးမှာ ဖုန်တွေ၊ ရေငွေ့တွေ၊ဆီတွေ၊ အညစ်အကျေးတွေ လက်ဗွေရာတွေ အများကြီး ပေပွနေတတ်ပါတယ်။ပုံလေးတွေကြည်လင်ပြတ်သားချင်တယ်ဆိုရင် ဓာတ်ပုံမရိုက်ခင်မှာ မှန်ဘီလူးလေးကို ရှပ်အင်္ကျီနဲ့ ဖြစ်ဖြစ်သုတ်ပြီး သန့်ရှင်းရေးလုပ်လိုက်ပါ။ ပုံလေးတွေ ကြည်ကြည်လင်လင် ရပါလိမ့်မယ်။


(၂)Focus ပြတ်အောင် ဖြတ်ပါ

Camera focus: how to control focus and exposure | iOS 11 Guide ...


    လွယ်လွယ်လေးပါ။ ဖုန်းကင်မရာ ဖွင့်လိုက်တာနဲ့ အလယ်မှာ အမှတ်အသား ကွင်းလေး ဖြစ်ဖြစ်၊ အဝိုင်းလေးဖြစ်ဖြစ် ပါပါတယ်။မပါလည်း ပြသနာ မရှိပါ။ ကိုယ် ဘယ်အရာကို ဦးစားပေးရိုက်ချင်တာလဲဆိုတာ သိဖို့ လိုပါတယ်။ မော်ဒယ်လ်တစ်ယောက်ကို ရိုက်ချင်တယ်ဆိုပါစို့။အဲဒီမော်ဒယ်လ်ရဲ့ မျက်နှာ နှာခေါင်း၊ မျက်လုံးနေရာလောက်ကို လက်နဲ့ ထောက်လိုက်ပါ။ဖုန်းရဲ့ အဆင့်မြင့်ကင်မရာစနစ်က အော်တို ဖိုးကပ်စ် ဖြတ်ပေးပါလိမ့်မယ်။ မော်ဒယ်ကို ရိုက်ချင်တာကို ဖိုးကပ်စ်မဖြတ်ဘဲ ထားရင် ဖုန်းကင်မရာက အထင်ရှားဆုံး နေရာတစ်နေရာကို ရွေးပြီးဖြတ်လိုက်မှာဖြစ်လို့ မော်ဒယ်လ်ရဲ့ ပုံက ကြည်လင်ပြတ်သားစရာ မရှိတော့ပါဘူး။


(၃) အလင်းအမှောင်ကို ချိန်ညှိပါ

6 Advanced iPhone Camera Controls For Jaw-Dropping Photography

အချို့ပုံတွေမှာ တအားလင်းနေပြီး အချို့ပုံတွေမှာ တအား မှောင်နေမှာ ဖြစ်ပါတယ်။အဲဒါ ဘာဖြစ်လို့လဲဆိုတော့ အလင်းအမှောင် မချိန်ဘဲ ရိုက်လို့ပါ။ အလင်းအမှောင်ချိန်ဖို့ရာဘာမှ မခက်ခဲပါဘူး။ဖုန်းကင်မရာမှာ အလင်းအမှောင် သဘောတရားက တအားလင်းတဲ့နေရာ ဥပမာ မိုးကောင်းကင်လိုမျိုးကို မူသေယူပြီး ချိန်လိုက်ရင် မိုးကောင်းကင်ကြီးက အလင်းရောင် ကြည့်ကောင်းအောင် မှိန်ပေးလိုက်ပြီး ကျန်တဲ့အောက်က အရာဝတ္ထုတွေကမှောင်ကျသွားပါလိမ့်မယ်။အဲလိုပဲ အလင်းရောင် နည်းတဲ့နေရာ ဥပမာ အရိပ်ကို မူသေယူလိုက်ရင် အဲဒီနေရာကို အလင်းရောင် မြှင့်ပေးလိုက်ပြီး ကျန်တဲ့နေရာတွေကတော့ တအားလင်းပြီး ဖြူသွားမှာပါ။အဲဒါကြောင့် ကိုယ်ဦးတည်ရိုက်ချင်တဲ့ Object ကိုပဲ မူသေယူလိုက်ရင် အဆင်ပြေပါပြီ။သို့သော် ရိုက်မဲ့ ရည်ရွယ်ချက် မတူညီနိုင်တဲ့ အတွက် လိုအပ်သလိုသာ ချိန်ဆယူပါ။နေဝင်ချိန်တိမ်တောက်လို့ ပျိုကြောက်တဲ့အချိန် တိမ်ညွန့်တွေကို ရိုက်ချင်တာဆိုရင်တော့ တိမ်တွေကို ဦးတည်ချက်အနေနဲ့ ယူလိုက်ရင် တိမ်စိုင်၊တိမ်လိပ်တွေရဲ့ အလှကိုကွက်ကွက်ကွင်းကွင်း မြင်ရပေမဲ့ ကျန်တာတွေ မှောင်သွားမှာပါ။စိတ်ကြိုက်ယူဆလို့ရပါတယ်။ အကောင်းဆုံးကတော့ ဦးတည်ချက်ကို ယူလိုက်တာ အကောင်းဆုံးပါ။

Photography Basics: Correcting Bad Exposure – Light And Matter

ဒီပုံက ညံ့ဖျင်းတဲ့ အလင်းအမှောင်အယူအဆနဲ့ ကောင်းမွန်တဲ့ အလင်းအမှောင်အယူအဆ

ယှဉ်ပြထားတာ ဖြစ်ပါတယ်။


(၄) နေကို/အလင်းကို ဆန့်ကျင်ပြီး မရိုက်ပါနဲ့

3 Tips on Shooting Portraits Against the Light | Learn Photography ...

အဲလိုမဲမဲကြီးဖြစ်သွားတတ်ပါတယ် 


အလင်းရောင်/နေရောင်ကို နောက်ကြောပေးရိုက်ရင် ဓာတ်ပုံကြီးက မည်းသွားပါတယ်။ ဒီဂျစ်တယ်နဲ့မှ မဟုတ်၊ ယခင့်ယခင် ကင်မရာတွေမှာလည်း အဲလိုပါပဲ၊ နေကို ဆန်မရိုက်ပါနဲ့၊ တတ်နိုင်သမျှ နေကို/အလင်းကို ကင်မရာသမားက ကျောပေး၊ ရိုက်ခံမဲ့သူက မျက်နှာမူပြီး ရိုက်ပါ။ ဘေးတိုက် ရိုက်ရင် အရိပ်တွေကို သတိထားပါ။


(၅) HDR ကို သုံးပါ

5 Best Smartphones With HDR Camera Worth Buying in India - Gizbot News

ဖုန်းကင်မရာတွေမှာ များသောအားဖြင့် HDR ထည့်ပေးထားပါတယ်။ အဓိပ္ပာယ်ကတော့ High Dynamic Range ပါ။ သာမန်အားဖြင့် ပုံတစ်ပုံ ရိုက်တဲ့အခါမှာလင်းတဲ့ အရာတွေက လင်းနေပြီး မှောင်တဲ့ အရာတွေက မှောင်နေတတ်ပါတယ်။ထွက်လာတော့ အလင်းအမှောင် အချိုးအစားမညီလို့ အစပ်အဟပ်မတည့်တဲ့ဟင်းကိုစားနေရသလို ဘာက ပိုလို့ ဘာက လိုနေမှန်း မသိအောင် မျက်စိထဲမှာ ကို့လို့ကန့်လန့် ဖြစ်နေတတ်တယ်။အပြစ်ရှာပြောရအောင်ကလည်းလင်းတဲ့ဟာကို ကြည့်ရင်လည်း ကြည့်ကောင်း၊ မှောင်တဲ့ဟာကို ကြည့်ရင်လည်းကြည့်ကောင်း၊ တွဲကြည့်လိုက်တော့ အဆင်မပြေဖြစ်နေတာမျိုးပါ။အဲဒါကို HDR Mode နဲ့ ဖြေရှင်းနိုင်ပါတယ်။ ဘာမှ အလင်းအမှောင်လည်း ချိန်စရာမလိုပါဘူး။ နဂိုရ်ကတည်းက ပါတဲ့ ဖုန်းရဲ့ အလိုအလျောက်ချိန်ညှိစနစ်နဲ့ အလင်းအမှောင် အချိုးအစားညီအောင် ဖန်တီးပေးသွားပါလိမ့်မယ်။ ဒါ့ကြောင့်အကောင်းဆုံးသော ပုံတွေကို ရိုက်ချင်ရင် HDR နဲ့ ရိုက်ပါ။


(၆) Portrait Mode ကို သုံးပါ

Best smartphones with Portrait mode camera feature to buy in India ... 

အားလုံးမြင်ဖူးကြပါလိမ့်မယ်။ လူပုံက ထင်ရှားပြတ်သားနေပြီး၊ နောက်ခံကိုမှုန်ဝါးဝါး လုပ်ထားတာ။ အဲဒါကို ဖိုတိုရှော့နဲ့ လုပ်ရင် ရတာပေါ့။ ဒါပေမဲ့ သဘာဝမကျဘူး။ သဘာဝကျကျလေး လုပ်ချင်တယ်။ အိုကေ။အဲဒါဆို Portrait Modeကိုသုံးပါ။ ဘယ်လိုသုံးရမလဲဆိုတော့ ကင်မရာ Option ရဲ့ Scene ထဲက PortraitMode ကို သုံးရမှာပါ။ခပ်ဝေးဝေးကနေ ရိုက်လို့တော့ မထူးဘူး။ လူရဲ့မျက်နှာကို အနီးကပ် တည်ပြီးရိုက်ကြည့်လိုက်ပါ။ နှာခေါင်းနေရာတည့်တည့်ကို လက်နဲ့ထောက်ပြီး Focus ဖြတ်ပါ။အနောက်က Background ကြီး ဝါးသွားတာ တွေ့ရလိမ့်မယ်။ အနီးအဝေးပေါ်မူတည်ပြီး မျက်နှာလောက်ကိုပဲ ထင်ရှားပြတ်သားအောင် ရိုက်မလား၊ မျက်နှာ၊ပုခုံး၊ရင်ဘတ်ပိုင်းတွေကိုပဲ ထင်ရှားပြတ်သားအောင် ရိုက်မလား စိတ်ကြိုက်ဉာဏ်ရှိသလိုသာ သုံးပါ။Portrait ပုံ ဘယ်လောက်ကောင်းတယ်ဆိုတာ ကိုယ်တိုင်စမ်းရိုက်ကြည့်မှ သိလာလိမ့်မယ်။

▷ TOP-10 Best Male Portrait Poses - Ideas for Male Poses ... 


(၇) Burst Mode ကို သုံးပြီး သဘာဝကျတဲ့ လှုပ်ရှားမှုဓာတ်ပုံတွေကို ရယူပါ

How to Turn Your iOS Burst Mode Photos into Interesting GIFs



ဘာလဲ... Burst !!! ဘာမှမဟုတ်ဘူး။ ကိုယ့်ရဲ့ ဓာတ်ပုံရိုက်တဲ့ခလုတ်ကိုသာတစ်ချက်တည်း နှိပ်ပြီး မလွှတ်ပစ်ဘဲ ဆက်တိုက် ဖိထားလိုက်။ ဓာတ်ပုံ ၁၀ ပုံကို ၁ စက္ကန့်အတွင်း ရိုက်ပေးလိမ့်မယ်။ဘယ်မှာအသုံးဝင်သလဲ ? ဘောလုံးကို ကန်လိုက်တဲ့အချိန်၊ ရေထဲကို ဗွမ်းကနဲ ခုန်ချတော့ရေမှုန်ရေမွှားတွေထွက်လာတဲ့အချိန်၊ အဲဒါလေးတွေကို အသေးစိတ်ရိုက်တဲ့အချိန်မှာ သုံးတယ်။ကိုယ့်ရဲ့ သားလေး သမီးလေး တူလေး မောင်လေးရဲ့ ပြေးလွှားဆော့ကစားနေတဲ့ ပုံတွေကိုသဘာဝကျကျ ရိုက်ချင်ရင် Burst Mode ကိုသာ သုံး။ ပုံ ၁၀ ပုံလုံးတော့ ကောင်းမှာ မဟုတ်ပါ။အကောင်းဆုံး တစ်ပုံကို ရွေးယူပါ။ ကျန်တာတွေ ဖျက်ပစ်ပါ။ မဖျက်ဘဲထားရင်တော့ ဖုန်းပြည့်သွားဖို့များတာပေါ့။

GoPro Burst Mode vs Continuous Photo | Have Camera Will Travel

Burst Mode နမူနာ တစ်ခု


(၈) Zooming🔍 (Get Closer to Object)

The Importance of Zooming - Feed the Char

ဇူးမ်း ချဲ့တယ်ဆိုတာကတော့ လူကိုယ်တိုင် ရွှေ့မသွားဘဲ အဝေးက ပုံကို ပိုနီးအောင်ချဲ့ကြည့်တာပါ။ဒါပေမဲ့ တစ်ခုသိထားဖို့က Zoom သုံးတာ အဆ များလေလေ ပုံအရည်အသွေးကျလေလေပဲ ဖြစ်ပါတယ်။ဘာ့ကြောင့်လဲ ဆိုတော့ ဖုန်းရဲ့ မှန်ဘီလူးက ဆွဲပေးတာမဟုတ်ဘဲဖုန်းရဲ့ စနစ်ကသာ ပုံကို ချဲ့ပေးတာ ဖြစ်လို့ပါ။ လက်မငြိမ်ရင် ပိုဆိုးပါတယ်။ဒါ့ကြောင့် အရည်အသွေးကောင်းကောင်း ပုံကို လိုချင်ရင် ကင်မရာကိုင်သူက ရှေ့တိုးရင်တိုး၊ ဓာတ်ပုံအရိုက်ခံရသူကရှေ့တိုးရင်တိုး လူကိုပဲ ရွှေ့ဖို့စဉ်းစားပါ။သို့သော် နောက်ပိုင်း ကင်မရာ နှစ်လုံး သုံးလုံးပါတဲ့ ဖုန်းတွေမှာ တော့ Zoom Telephoto ကို ပိုကောင်းအောင် လုပ်ထားတာတော့ တွေ့ရပါတယ်။ကိုယ့်ဖုန်းအကြောင်း ကိုယ်ပဲသိမှာမို့ အဆင်ပြေသလိုသာ လုပ်ပါ။ ဘယ်လောက်ကောင်းတဲ့ ဖုန်းဖြစ်ဖြစ် အလွန်အမင်း ချဲ့ပစ်လိုက်ရင်တော့ ဝါး သွားမှာပါပဲ။


(၉) လက်ကို ငြိမ်ငြိမ်ထားပါ။

Smartphone camera terms explained: Everything you need to know ...



ဒါကတော့ ရှင်းပါတယ်။ လက်မငြိမ်ဘဲ ပုံကောင်းကောင်းရစရာ သိပ်မရှိပါဘူး။ အထူးသဖြင့် အရက်ကြိုက်တတ်သော အစ်ကိုကြီးများကို ညနေပိုင်း ဓာတ်ပုံမရိုက်ခိုင်းမိဖို့သတိပြုရမှာ ပျိုမေတို့တာဝန်ပါ။


(၁၀) Tripod ကို သုံးပါ

How to use your phone as a webcam: Pro tips while working from ...


လက်ဘယ်လောက် ငြိမ်ပါတယ်ပြောပြော မြေကြီးပေါ်မှာ သုံးချောင်းထောက်နဲ့ ချိန်ရိုက်တဲ့ Tripod လောက်တော့ ဘယ်ဟာမှ မငြိမ်ပါ။ ဒါ့ကြောင့် တတ်နိုင်ရင် Tripod သုံးပါ။ Remote ပါတဲ့ဟာဆို ပိုကောင်းပါတယ်။

LONENESSL Phone Tripod iPhone Tripod - Portable and Adjustable ... 


(၁၁) Rule of Third ကို သုံးပါ

Composition: Rule of Thirds | Boost Your Photography



ဟုတ်ပြီ။ သုံးဆို... သုံးတာပေါ့။ ဒါပေမဲ့ အဲဒီဖန်ရှင်က ဘယ်နားက ဖွင့်ရမလဲ။

အိုး.... နိုးပါ..... အဲဒါ ဖန်ရှင်မဟုတ်ပါဘူး။ အယူအဆ ဖြစ်ပါတယ်။

အပေါ်မှာ ပြောခဲ့သလိုပဲ ပုံကောင်းကောင်း ရဖို့က ပြတ်သားကြည်လင်ဖို့နဲ့ အလင်းအမှောင်ချိန်ဖို့ သိပ်ကို အရေးကြီးပါတယ်။

ဒါပေမဲ့ သူတို့နဲ့ ညီတူမျှတူ အရေးကြီးတာကဓာတ်ပုံအယူအဆ၊အချိန်အဆ ပါ။

Good Composition (ဂွတ်ဒ်..ကွန်ပိုဇေးရှင်း)ပါ။

Rule of Third က ဒီလိုဆိုပါတယ်။

ကိုယ်ရိုက်ချင်တဲ့ ပုံကို သုံးပုံ ပုံလိုက်ပါ။ စိတ်မှန်းနဲ့ ပုံစရာ မလိုပါဘူး။ ကင်မရာမှာ Grid မျဉ်း ထည့်ဖို့က အော်တိုပါပြီးသားပါ။

Rule of Thirds in Photography (Start Taking Amazing Photos ... 

ဂရစ်မျဉ်းက အဲဒါအတွက် ထည့်ပေးထားတာပါ။

ဂရစ်မျဉ်းက ပုံကို သုံးပုံ ပုံပြီး နှစ်ကြောင်းဒေါင်လိုက်၊ နှစ်ကြောင်း အလျားလိုက် ပေါ်ပါတယ်။

ကိုယ်ရိုက်မဲ့ ပုံရဲ့ အထင်ရှားဆုံး၊ အပေါ်လွင်ဆုံး နေရာတစ်ခုကို ပထမ အပုံနဲ့ဒုတိယ အပုံရဲ့ ကြား မျဉ်းပေါ်မှာ ထား ချိန်ပြီး ရိုက်ပါ။ ဒါကတော့ Rule of Third ပါပဲ။

သုံးပုံတစ်ပုံစည်းမျဉ်းလို့ ဆိုနိုင်မလားတော့ မသိဘူး။

သို့သော် Rule of Third သုံးလို့မရဘဲ အလယ်တည့်တည့်မှာ ထားပြီးရိုက်မှကြည့်သူရင်ထဲ ထိရှသွားနိုင်တဲ့ပုံတွေ အများကြီးရှိပါတယ်။

ဥပမာ ပန်းတစ်ပွင့်ရဲ့ အလယ်ဗဟိုကို ရိုက်တာမျိုး၊ ပြတင်းပေါက် တစ်ခုကို ရိုက်တာမျိုးပါ။

ဒါတွေကျတော့လည်း ပုံသေကားကျ ပြောလို့ မရပါဘူး။

ယေဘူယျအားဖြင့်တော့ Rule of Third ကို သုံးရင် အချိုးအစား

ကျနတဲ့ ပုံကောင်းတစ်ပုံ ရနိုင်ပါတယ်။

အထူးသဖြင့် Landscape ပုံတွေပါ။ ဘယ်အရာကအထင်အရှားဆုံးလဲ ဆိုတာတော့ သဘာ နဲ့ ဝါ ပေါ်မူတည်ပါတယ်။ စိတ်ကြိုက်သာ ဆုံးဖြတ်ပါ။


Rule of Thirds Definition - What is Rule of Thirds by SLR Lounge

ဒီပုံမှာဆိုရင် အဓိကပြချင်တဲ့ အနမ်းပေးတဲ့နေရာကို အလျားလိုက်၊ ဒေါင်လိုက် Rule Of third ဆုံတဲ့ နေရာမှာ ပေးထားတယ်။ အရမ်း အချိုးအစားကျတာပေါ့။


Who Wrote the Rule of Thirds? | B&H Explora


Rule of Thirds in Photography – How to Improve Your Photography ...


Rule of thirds - Wikipedia

ဒီပုံမှာဆိုရင် ဘယ်ဘက်က ပုံက Rule of Thirds ကို မသုံးထားပါဘူး။ ညာဘက်က ပုံကတော့ သုံးထားပါတယ်။ ကိုယ့်ဘာသာ ခံစားကြည့်ပါ။ ဘယ်ပုံက အချိုးကျသလဲလို့။


(၁၂) Rule of thirds ကို သုံးထားသော်ငြား

Rule of Third ကို သုံးထားသော်ငြားလည်း အယူအဆလေးနည်းနည်း လွဲရင် ကြည့်ရ ဆိုးသွားနိုင်ပါတယ်။

အောက်က ပုံနှစ်ပုံကို ရှုစားပါ။

နှစ်ပုံလုံးတော့ Rule of Thirds ကို သုံးထားပါတယ်။ သို့သော်လည်း ကွာတာက အဝင်နဲ့ အထွက်ပါ..

The main subject is on its way out of the photo. The audience can’t tell where the subject’s next steps will be. And their eyes, too, are leading out of the photo. Photo: Majo Eliáš

ဒါဆို ကြည့်မကောင်းဘူးနော်

Both the girl and the dog are still roughly on one of the “thirds” intersections, and now their movement is leading “into” the photo. Photo: Majo Eliáš

ဒါမှ ကြည့်ကောင်းတာပေါ့

(၁၃) negative space များကို အသုံးချပါ

Tips for Using Negative Space in Photography to Create Stunning Images

Negative Space in Photography



Negative Space ဆိုတာက ကိုယ်ရိုက်ယူမဲ့ Object နဲ့ ကွဲပြားခြားနားတဲ့ ရှင်းလင်းတဲ့ ဟင်းလင်းပြင် နောက်ခံတစ်ခုပါ။ နံရံကျယ်ကြီး ဖြစ်နိုင်သလို မိုးကုပ်စက်ဝိုင်းကြီးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို Negative Space နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေက အရမ်း ဆွဲဆောင်မှု ရှိသွားတတ်ပါတယ်။


(၁၄) ရောင်ပြန်များကို အသုံးပြုပါ

Tips for Photographing Reflections to Create Stunning Images

50 Stunning Reflection Photography examples and Tips for beginners ...


ရောင်ပြန်များ ဆိုတာမှာ ဆိုင်ကယ်ဖင်မှာ တပ်တဲ့ ရောင်ပြန် မဟုတ်ပါ။ ကိုယ့် Object ကို ပြန်နေတဲ့ ရောင်ပြန်၊ ဥပမာ ရေကန်ထဲက အရိပ်လိုမျိုး၊ ကြွေပြားခင်းက ရောင်ပြန်အရိပ်လိုမျိုးကို ပြောတာပါ။


(၁၅) ဟာမိုနီနဲ့ ဟန်ချက်ညီပါစေ

Melody & Harmony Photography - Home | Facebook

Harmony | Harmony design, Harmony art, Unity photography


ဓာတ်ပုံကလည်း ချိန်ခွင်လိုပါပဲ။ ဟန်ချက်မညီရင် ကြည့်ရတာကိုက တစ်ခြမ်း လေးနေသလို ခံစားနေရတတ်ပါတယ်။ လိုက်လျောညီထွေ ဖြစ်ဖို့နဲ့ ဟာမိုနီဖြစ်အောင် ချိန်ဆပါ။ 


(၁၆) ဖလက်ရှ်မီးကို မေ့ထားပါ။ သဘာဝအလင်းကိုသာ သုံးပါ


ဖုန်းရဲ့ ဖလက်ရှ်မီးက ဓာတ်ပုံအရည်အသွေးတက်လာဖို့ ကူညီနိုင်လောက်အောင် မကောင်းပါဘူး။ ဒါ့ကြောင့် တတ်နိုင်သမျှ သဘာဝအလင်းရောင်ကိုသာ သုံးပါ။ ဖလက်ရှ်မီး ဖွင့်ပြီး ညဘက် ရိုက်ကြည့်ပါလား။ မျက်လုံးကြီး နီနီရဲရဲနဲ့ ကြောက်စရာကြီး။ ဖလက်ရှ်မီးကို သုံးချင်ရင် ညဘက် မသုံးပါနဲ့၊ နေ့ဘက်မှာပဲ သုံးပါ။ 


(၁၇) Filter တွေ မသုံးပါနဲ့


အခုနောက်ပိုင်း ဖုန်းတွေမှာ Filter တွေ Effect တွေ အများကြီးပါလာပါတယ်။ သဘာဝကျတဲ့ ပုံတွေကို လိုချင်ရင်တော့ Filter တွေ မသုံးဖို့ အကြံပြုလိုပါတယ်။  Filter မသုံးဘဲ ဓာတ်ပုံရိုက်သူရဲ့ လက်စွမ်းကို ပြကြည့်လိုက်ပါ။


(၁၈) ဓာတ်ပုံရိုက်ဖို့ Volume ခလုတ်ကို အသုံးပြုပါ။

pictures with your phone

ဓာတ်ပုံကို စိတ်ကြိုက်အကောင်းဆုံးဖြစ်အောင်တော့ ချိန်လိုက်တာပဲ၊ ဒါပေမဲ့ စခရင်က ခလုတ်ကို နှိပ်ပြီးရိုက်သွားရင် ဟန်ချက်ပျက်ပါတယ်။ ဒါ့ကြောင့် Volume Button ကို အစားထိုးပြီးသုံးကြည့်ပါ။


(၁၉) Leading Line ကို သုံးပါ။ ကန့်လန့်ဖြတ်မျဉ်းတွေကို ရှောင်ပါ။‼

leading-lines-path.png

How to compose images with leading lines | Camera Jabber

Attention-Grabbing Photography Composition With Leading Lines ...

ဘာလဲ Leading Line?


ဓာတ်ပုံရိုက်သူဆီမှ ရိုက်မည့် နောက်ခံဘက်သို့ ဦးတည်သော လမ်းကြောင်းများ ဖြစ်ပါတယ်။ဘာကို ဆိုလိုတာလဲ ကိုတော့ ပါးစပ်နဲ့ ပြောပြဖို့အတော်လေးခက်ပါတယ်။အဲဒါကြောင့် နမူနာပုံများကိုသာ ရှုစားပါ။

ကိုယ်နဲ့ မျဉ်းပြိုင်မဟုတ်ဘဲ ကိုယ့်ဆီကနေ အဝေးကို ရှည်လျားစွာ ထွက်သွားတဲ့ လိုင်းတွေပါ။ ပုံကောင်းရဖို့အတွက်အတော်လေး အထောက်အကူပြုတဲ့ ကွန်ပိုဇေးရှင်းတွေပါ။


(၂၀) ဘောင်ခတ်ပါ။


ဓာတ်ပုံကို ဘောင်တွေ ထည့်ခိုင်းတာ မဟုတ်ဘူး။ သဘာဝတရားကြီးက ပေးထားတဲ့ဘောင်တွေ ရှိတယ်။ အဲဒါတွေနဲ့ ခတ်ခိုင်းတာ အောက်မှာ ပုံလေးတွေ ပြထားပါတယ်။ ကြိုးစားကြည့်ပါ။


လုပ်တတ်ရင်လေ... အိမ်သာခွက်တောင် လေယာဉ်ပြတင်းပေါက် ဖြစ်တယ်ဗျ။ 

Photo illusion - toilet seat vs airplane window - Entertainment


(၂၁) ရိုးရှင်းပါစေ

Girl In School Style et Simple Dress Taking Rest On Wooden Stages ...

ရိုးရှင်းတဲ့ပုံလေးတွေက စိတ်နှလုံးကို ဆွဲဆောင်စေနိုင်တာ သိပါသလား။အကြောင်းအရာတွေ အများကြီးပါဝင်နေတဲ့ ဓာတ်ပုံတစ်ပုံက သူ့နေရာနဲ့သူသာ အချိုးမကျဘူး၊ အယူအဆမမှန်ဘူး ဆိုရင် အတော်လေးကို စိတ်ရှုပ်စရာကောင်းပါတယ်။ ရှင်းလင်းတဲ့ဓာတ်ပုံလေးတစ်ပုံက ကြည့်ရှုခံစားသူကို ကြည်လင်အေးမြတဲ့ ခံစားမှုလေးတစ်ခု ပေးနိုင်ပါတယ်။


(၂၂) နှလုံးသားကို အသုံးချပါ💗

Watch The Super Bowl Or We'll Kick This Dog: The Saddest Ads Ever ...


အချို့တွေ ကြုံဖူးပါလိမ့်မယ်။

ဓာတ်ပုံလေးကို ကြည့်လိုက်တာနဲ့ ချက်ချင်း ဝမ်းနည်းပြီး မျက်ရည်

ပေါက်ကနဲ ကျသွားတာမျိုးတွေ၊

ကြည့်လိုက်တာနဲ့ ငယ်ဘဝလေးကို ပြေးပြီး သတိရတာမျိုးတွေ၊

ကြည့်လိုက်တာနဲ့ ရင်ထဲမှာ နွေးကနဲ ဖြစ်သွားတာမျိုးတွေ၊ 

မြင်လိုက်တာနဲ့ ရင်တွေ တဒိတ်ဒိတ်ခုန်သွားတာမျိုးတွေ၊

ကြည့်လိုက်တာနဲ့ ကျောထဲ စိမ့်ကနဲ ဖြစ်သွားတာမျိုးတွေ၊

ကြည့်လိုက်တာနဲ့ကြည်နူးပီတိ ဖြစ်ပြီး ဒေါသထွက်နေရင်တောင် ချက်ချင်းဒေါသတွေပြေပြီး စိတ်ထဲအေးချမ်းသွားတာမျိုးတွေ...

အဲဒီလိုမျိုးတွေ ရိုက်နိုင်ဖို့ကျတော့ သိန်းပေါင်း ထောင်ချီတန်တဲ့ ကင်မရာနဲ့လည်း မရဘူး။

ဂြိုဟ်သားတွေကိုယ်တိုင်တီထွင်ထားတဲ့ ကင်မရာဖန်ရှင်တွေနဲ့လည်း မရဘူး။

ကမ္ဘာကျော် ဆရာတွေရဲ့ ဓာတ်ပုံပညာတွေနဲ့လည်း မရဘူးဗျ။

နှလုံးသားကို အသုံးချမှ ရတယ်။ အဲဒါ အနုပညာပါ။

ကိုယ်တိုင်ခံစားမှုအပြည့်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံနဲ့ Effect တွေ၊ နည်းပညာတွေသုံးပြီး ရိုးရိုးတန်းတန်း ရိုက်ထားတဲ့ပုံနဲ့ လုံးဝကို မတူပါဘူး။

ဒါ့ကြောင့် ရင်ကို ထိရှသွားစေတဲ့ ပုံတွေကိုလိုချင်ရင်တော့ နည်းပညာတွေကို နှလုံးသားနဲ့ ပေါင်းစပ်ပြီးမှ ရိုက်ကူးပါလို့ အကြံပြုချင်ပါတယ်။

ဓာတ်ပုံ အယူအဆတွေ၊ ဖန်ရှင်အသုံးပြုမှုတွေကို သိထား လေ့လာထား ကိုယ်တိုင်စမ်းသပ်ထားတဲ့အတွေ့အကြုံတွေနဲ့ အင်တာနက်ပေါ်က နည်းပညာတွေကို ပေါင်းစပ်ပြီး နည်းပညာ ညီအစ်ကိုမောင်နှမတွေ အသုံးချစေဖို့ မျှဝေပါတယ်။

နောက်ဆုံးတစ်ပိုဒ်ကတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခံစားချက်နဲ့ အကြံပြုတာဖြစ်ပါတယ်။💛💙💜💚❤💔💗💓💕💖💞💘💌



ကျေးဇူးအထူးတင်ရှိပါတယ်။







AKK

Aung Technology

မိုဘိုင်းဖုန်းဖြင့် လှပသော ဓာတ်ပုံများ ရိုက်ကူးခြင်း၏ လျှို့ဝှက်ချက်(၂၂)ခု

                     မိုဘိုင်းဖုန်းဖြင့် လှပသေသပ်သော ဓာတ်ပုံများ ရိုက်ကူးနည်း ပထမဆုံး ဗဟုသုတအနေနဲ့ ဒီဂျစ်တယ်ကင်မရာများ မပေါ်ပေါက်မီအသုံးပြုခ...